မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ယောက် အရည်အချင်း ပျက်ယွင်းသူတွေလို့ ကြေညာခံရ

မော်လမြိုင်၊၂၆ ဖေဖော်ဝါရီ ၂၀၁၆ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ် တော်ကိုယ်စားလှယ်လောင်း ၄ ယောက် အရည်အချင်း ပျက်ယွင်းသူလို့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကြေညာလိုက်တာပါ။ ကျိုက်မရောမြို့နယ်မှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ကိုယ်စားလှယ် လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်မေဝင်းနိုင်ဦး၊သထုံမြို့နယ် အမှတ် (၁)မဲဆန္ဒနယ်မှ မွန်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ် လောင်းအနေနဲ့ ယှဉ်ပြိုင် ခဲ့တဲ့ဦးမျိုးဝေ၊သထုံမြို့နယ် အမှတ် (၁)မဲဆန္ဒနယ်မှ ၈၈ မျိုးဆက်ဒီမိုကရေစီပါ တီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဦးအောင်ဌေး နှင့် ဘီးလင်း မြို့ နယ် မှ တသီးပုဂ္ဂ ကိုယ်စားလှယ်လောင်းအနေနဲ့ယဉ်ပြိုင်ခဲ့တဲ့ ဦးသိန်းလွင် တို့က အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံလိုက်ရတာပါ။ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်စာ … Continue reading မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ယောက် အရည်အချင်း ပျက်ယွင်းသူတွေလို့ ကြေညာခံရ

အမှတ် (၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မော်လမြိုင်မှာ စုပေါင်းသွေးလှူ

မော်လမြိုင် ၊၂၆ ဖေဖော်ဝါရီ ၂၀၁၆ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မွန်ပြည်နယ်၊ အမှတ် (၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် (၆၀) ဦးက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မော်လမြိုင်အထွေထွေရောဂါကုဆေး ရုံကြီး သွေးလှူဘဏ်တွင်စုပေါင်းသွေးလှူဒါန်းခဲ့ကြ ပါတယ်။ ယခုတစ်ကြိမ်လှူဒါန်းမှုကတော့ အမှတ် (၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရဲ့ ( ၁၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းမှု ဖြစ်တယ်လို့ သိရပါတယ်။

ရပ်ထားတဲ့နေရာမှာ မတွေ့လို့ မြို့မရဲစခန်းမှအမှုဖွင့်ပေးလိုက်ရ

မော်လမြိုင်၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ၊စစ်ကဲကုန်းရပ်၊အောက်လမ်းမရှိ ကျန်းမာရေးစင်တာရှေ့တွင် ရပ်ထားသည့် ဆိုက်ကယ် နေရာတွင်မရှိဘဲ ပျောက်ဆုံးနေခဲ့လို့ ဆိုင်ကယ် ပိုင်ရှင် ဦးမြင့်အောင်ဆိုသူမှ မြို့မ ရဲစခန်းထံလာရောက်တိုင်ကြားလို့ ပြစ်မှုပုဒ်မ - ၃၇၉ (ဆိုင်ကယ်)အရ ရဲစခန်းမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကအမှုဖွင့်ပေး လိုက်ရတာပါ။ တိုင်းကြားချက်ထဲမှာတော့ ဆိုင်ကယ်ပိုင်ရှင်ဆိုသူ ဦးမြင့်အောင်မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ကျန်းမာရေးစင်တာတွင် လေ့ကျင့်ခန်းလုပ်ပြီး ပြန်ထွက်အလာ ရပ်နားထားတဲ့နေရာမှာ ဆိုင်ကယ်မတွေ့တော့ဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုထားပါတယ်။ ယဉ်အမှတ် ၁၃ယ/၄၈၉၃၄ အပြာရောင် Honda Dream 125 အမျိုးအစား၊ခန့်မှန်းကာလတန် ဖိုး (၇)သိန်းဝန်းကျင်ရှိမယ်လို့ဆိုထားပါတယ်။လက်ရှိမှာတော့ အဆိုပါဆိုင်ကယ်ကို မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထား ဆဲသာဖြစ်တဲ့အတွက် ဆိုင်ကယ်ပိုင်ရှင်ကတော့ ဆိုင်ကယ်ပြန် မရရှိသေး … Continue reading ရပ်ထားတဲ့နေရာမှာ မတွေ့လို့ မြို့မရဲစခန်းမှအမှုဖွင့်ပေးလိုက်ရ

ငါးမိချိန်ကာလရောက်မှ လုပ်ငန်းဆိုင်းငံ့ခံရလို့ နစ်နာသူမှ သတင်းစာရှင်းလင်း

မော်လမြိုင်၊ ၂၆ ဖေဖော်ဝါရီ ၂၀၁၆ နှစ်တနှစ်ရဲ့ ဖေဖော်ဝါရီလကနေ မတ်လတွေဟာ ကျားဓမင်းပိုက်ချ ငါးဖမ်းလုပ်ငန်းတွေ ငါးအများဆုံးဖမ်းဆီးရမိချိန်ဖြစ်ပါတယ်။ အခုလို ငါးဖမ်းအများဆုံးရမိချိန်ကာလအရောက်မှာ မော်လမြိုင်မြို့နယ်၊အတ္ထရံမြစ်ကြောင်း အတွဲ(၇)နေရာမှာ လုပ်ကိုင်ခွင့်ရထားတဲ့ ဦးမာမက်အာဆန်း တစ်ယောက် လုပ်ငန်းဆိုင်းငံ့ခံလိုက်ရလို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မော်လမြိုင်မြို့၊ကမ်းနားလမ်းက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းရာမှ သူ့ရဲ့ နစ်နာမှုတွေကို ပြောပြခဲ့ပါတယ်။ “ပိုက်ချက် ၄ ချက်ပါတဲ့ အတွဲ (၇) ကို သိန်းပေါင်း ၁၀၀၀ ကျော်နဲ့ ငွေချေး ငှားပြီးလေလံ ဆွဲထားရပါတယ်။နောက်ပြီး အလုပ်သမား အယောက် ၂၀ အတွက်ကိုလည်း ၁ လ ၁ သိန်း ကျော်ကနေ ၂ သိန်းဝန်းကျင်ထိပေးထားရ တာတွေရှိပါတယ်။အခုလို့ လုပ်ငန်းရပ်ဆိုင်းခံလိုက်ရတော့ ချေးငှားငွေကြေး တွေဆပ်ဖို့အခက်ခဲဖြစ်နေသလို၊အလုပ်သမား … Continue reading ငါးမိချိန်ကာလရောက်မှ လုပ်ငန်းဆိုင်းငံ့ခံရလို့ နစ်နာသူမှ သတင်းစာရှင်းလင်း

မော်လမြိုင်တက္ကသိုလ် ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုဖို့ရှိ

သတင်းနှင့်ဓါတ်ပုံ - Thet Zaw Oo ဖေ့ဘုတ် မော်လမြိုင်၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်တက္ကသိုလ် ဘာသာရပ်အလိုက် ဘော်လီဘော ပြိုင်ပွဲ ကျင်းပလာခဲ့တာ နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကြတော့မှာပါ။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၈ နာရီ၊ မော်လမြိုင် တက္ကသို်လ်အားကစားခန်းမတွင် ဘော်လီဘောပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့ Geology အသင်းနှင့် သချာင်္အသင်း တို့က ယှဉ်ပြိုင်ကြမှာပါ။ Mawlamyine Daily  

ပထမဆုံးအကြိမ် မွန်ပြည်နယ်ရဲ့ နေ့အပူချိန် 40ံC ကျော် ထိမြင့်တက်လာနိုင်

မော်လမြိုင်၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၆ ဖေဖော်ဝါရီ ၂၆၊ ၂၇ ရက်နေ့တွေမှာ မွန်ပြည်နယ်ရဲ့ နေ့အပူချိန်တွေဟာ ပထမဆုံးအကြိမ် အဖြစ် 40ံC – 40ံC ထိမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကဖော်ပြထားတာပါ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေကလည်း လွန်ကဲအဆင့်အထိ မြင့်တက်နေနိုင် တယ်လို့ ပြောထား ပြန်ပါတယ်။ အယ်နီညိုရာသီဥတုကြောင့် အခုနှစ်နွေမှာ ပိုမိုပူပြင်းခြောက်သွေ့ တာတွေဖြစ်ပေါ်နေတဲ့ အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လည်း အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော် ချက်တွေကိုလည်းထုတ်ပြန်ထားရပါတယ်။ Mawlamyine Daily

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရာတွင် ဥပဒေနှင့် ငြိ ၊ မငြိ အသိပေးရှင်းလင်း

သတင်း - အုတ်လှငယ် ( မွန်ဌာနီ ) မော်လမြိုင်၊၂၅ ဖေဖော်ဝါရီ ၂၀၁၆ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များတွင်ဥပဒေနှင့်မငြိစွန်းသော၊ ဥပဒေနှင့်ငြိ စွန်းသော ဖြစ်ရပ်များနှင့်ပတ်သက်၍မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ရန်ကုန်ကရင်နှစ်ခြင်းအမျိုးသမီးအဖွဲ့(YKBWA) တို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အသိပေးရှင်းလင်းခဲ့တာပါ။ Mawlamyine Daily

ပိုက်ဆံအိတ်ကောက်ရသူ ငွေယူနိုင်

မော်လမြိုင်၊ ၂၅ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ၊ တောင်ဝိုင်းလမ်း မြို့အဝင်ဘက်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၄နာရီခွဲ ဝန်းကျင်ခန့်က ကားပေါ်မှ ပိုက်ဆံအိတ်တလုံး ပျောက်ကျ ခဲ့ပါသည်။ပိုက်ဆံအိတ်ကို တွေ့ရှိသူတွေအနေနဲ့ အိတ်ထဲရှိငွေအားလုံးကို ယူနိုင်ပါသည်။ဒါပေမယ့် အိတ်နှင့်အတူ ကားနှင့်ပက်သက်တဲ့ စာအုပ်များကို မည်သည့် နည်းနဲ့မဆို ပြန်ပေးပါက ထပ်မံ၍ ကျေးဇူးဆပ်ပါမည်။ ပိုက်ဆံအိတ် ကောက်ရတွေ့ရှိသူ အနေနဲ့ ဖုန်းနံပါတ် ၀၉ ၇၉၂၂၂၂၉၀၉ ထံ ဆက်သွယ်နိုင်သည်လို့ Mya Thwin ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထား သည်ကို Mawlamyine Daily ရဲ့ “ပျောက်ပျောက်ရှာရှာ မော်လမြိုင်” ကဏ္ဍမှ ဖော်ပြလိုက်ပါသည်။ Mawlamyine Daily