ဖုန်းအားအမြန်ပြည့်ချင်ရင် ဘာတွေ ဆောင်ပြီး ဘာတွေ ရှောင်မလဲ

မော်လမြိုင်၊ ၁၆ ဇန်နဝါရီ ၂၀၁၆

ယနေ့မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော လူတိုင်းရဲ့ လက်ထဲမှာ Smart
ဖုန်းကိုယ်စီရှိနေပါပြီ။ ကိုယ့်ဖုန်းကို ဂရုစိုက်ကြတဲ့ လူတွေရှိသလို
အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ လူတွေလည်း ရှိကြပါတယ်။ဖုန်းတွေ တအားသုံးတော့ တခါတလေ အရေးပေါ် ဖုန်းကို လိုလို့ သုံးချင်တဲ့အခါ
ဖုန်းအားမရှိတော့တာတွေလဲ ကြုံဖူးကြမှာပါ။

ဒီလိုဖြစ်တဲ့အခါဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေချင်တဲ့
ဆန္ဒတွေအရမ်းထက်သန်နေပါလိမ့်မယ်။ ဒါပေမယ့် အရာရာတိုင်းဟာ
ကိုယ်ဖြစ်ချင်သလိုတော့ မဖြစ်ပါဘူး။ ဒီတော့ ဖုန်းအားသွင်းခြင်းနဲ့
ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြချင်ပါတယ်။

၁။ဖုန်းအားသွင်းတဲ့အခါ ကွန်ပျူတာက USB အပေါက်တွေနဲ့ အားသွင်း တာတွေရှောင်ရပါမယ်

ဖုန်းအားသွင်းတဲ့အခါ အချို့တွေက ကွန်ပျူတာသုံးရင်း ကွန်ပျူတာက USB
အပေါက်တွေမှာ ဖုန်းအားသွင်းကြလေ့ရှိကြပါတယ်။ ကွန်ပျူတာနဲ့
အလုပ်လုပ်နေရင်း ဖုန်းအားသွင်းထားတော့ အလုပ်လည်းပြီးဖုန်း လည်းအားမြန်မြန်အားပြည့်တယ်ဆိုပြီးတချို့တွေထင်ကောင်း ထင်ကြ ပါလိမ့်မယ်။ ဒီလိုလုပ်တာဟာ အလုပ် ၂ ခုပြီးတယ်ဆိုပေမယ့် ဖုန်းအား သွင်းခြင်းအတွက်ကတော့အားမြန်မြန်ပြည့်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန်USB 1.0 နဲ့ 2.0 တို့ရဲ့ လျပ်စစ်စီးနှုန်း ဟာ 0.5 A (A=Ampere)ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အခု ခေတ်စားနေတဲ့ USB 3.0မှာတော့ လျပ်စစ်စီးနှုန်းက 0.9 A (A=Ampere) ထိရှိလာပါတယ်။ Charger နဲ့အားသွင်းတဲ့အခါ လျပ်စစ်စီးနှုန်းက 1.5 A (A=Ampere) အထိရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လျပ်စစ်စီးနှုန်း ပိုမိုမြန်သည့် Charger တွေကို အသုံးပြုပါ။

ဒါဆိုရင် ကွန်ပျူတာမှာ ပါတဲ့ USB အပေါက်တွေမှာ ဖုန်းအားသွင်းတာထက်
ဖုန်းအားသွင်းသည့် Charger နဲ့ အားသွင်းတာဟာ လျပ်စစ်စီးနှုန်း
ပိုမိုမြန်ဆန်ပြီး အားအမြန်ပြည့်ပါတယ်။ကိုယ်သုံးတဲ့ Charger ထက် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်တဲ့ Chargerများကိုအသုံးပြုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ iPhone 6 မှာ ပါဝင်တဲ့Charger ဟာ 1A (5W) သာလျပ်စစ်စီးနှုန်းရှိပါတယ်။

ဒါပေမဲ့ iPad မှာပါဝင်တဲ့Charger ခေါင်းကတော့ 2.1A (12W) လျပ်စစ် စီးနှုန်းရှိပါတယ်။ထို့အတွက်ကြောင့် iPhone 6 ကိုအားမြန်မြန်ပြည့် ချင်တဲ့အတွက် iPad Chargerခေါင်းနဲ့ အားသွင်းမည်ဆိုပါက သာမန်ထက် လျပ်စစ်စီးနှုန်းမြန်ဆန်ပြီးဘက်ထရီအားပိုမိုမြန်ဆန်စွာ ပြည့်လာမှာဖြစ် ပါတယ်။ဒါပေမယ့်လဲ Charger တိုင်းကို မဆိုလိုပါဘူး။ ကိုယ့်ပစ္စည်းရဲ့ Brand နဲ့ကိုက်ညီမှုရှိတဲ့ Charger တွေသာ အဆင်ပြေပါလိမ့်မယ်။ ဥပမာ iPhone Chargerနဲ့ iPad Charger ဆိုပြီး ခွဲခြားအသုံးပြုသလိုပေါ့။

၂။ကောင်းမွန်တဲ့ USB ကြိုးတွေကို အသုံးပြုပါ

ဖုန်းဝယ်တဲ့အခါပါဝင်တဲ့ Original USB ကြိုးနဲ့အားသွင်းတဲ့အခါ ပုံမှန်
ကြာသင့်တဲ့ အချိန်ပမာဏ အတိုင်းကြာကြတယ်။ ဒါပေမဲ့ Original USB
ကြိုးပျောက်သွားတာပဲဖြစ်ဖြစ် ပျက်စီးသွားလို့ပဲဖြစ်ဖြစ်ဈေးနှုန်းသက်သာတဲ့ USB ကြိုးတွေဝယ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါဆိုရင်တော့သေ ချာပါတယ်။ ပုံမှန်ထက် အားသွင်းနှုန်း ပိုကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့်
ကောင်းမွန်တဲ့ USB ကြိုး ၊ မိမိ device နဲ့ ကိုက်ညီမှုရှိတဲ့ USB
ကြိုးတွေကိုသာ သုံးသင့်ပါတယ်။

၃။ဖုန်းကို အသုံးပြုရင်း အားမသွင်းပါနဲ့

အခုဆိုရင် COC ကစားတဲ့လူတွေများပြားလာတော့ ဒီအချက်ကို ထည့်သွင်းပေး ရခြင်းဖြစ်ပါတယ်။ ဖုန်းနဲ့ Game ကစားနေရင်းဖုန်းအား နည်းသွားတဲ့အတွက်ကြောင့် Game ကစားရင်းနဲ့ အားသွင်းတတ်ကြပါတယ်။
တချို့တွေဆိုလဲ အွန်လိုင်းမှာ စကားပြောရင်း စာဖတ်ရင်း ဖေ့ဘုတ်သုံးရင်း
အားသွင်းကြပါတယ်။ဒါဟာ ဖုန်းအားသွင်းမြန်ဆန်ခြင်းကို အနှောက်အယှက်
ဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။ အချို့ Blog တွေမှာ ဖော်ပြချက်အရတော့
ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို Airplane Mode အဖြစ်သို့ ဖြစ်စေ ပါဝါပိတ် ထားခြင်းအဖြစ်သို့ ဖြစ်စေပြုလုပ်ထားသင့်တယ်လို့ရေးသားဖော်ပြကြပါတယ်။ ဒါဟာတကယ်လိုက်နာသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီလိုမလိုက် နာနိုင်ဘူး ဆိုရင်တောင်မိမိဖုန်းအားသွင်းတဲ့အခါ ဖုန်းနဲ့ ဘာအလုပ်မှမလုပ်ပါနဲ့။ ဒါဆိုရင်တော့သင့်ဖုန်းအားသွင်းခြင်း မြန်ဆန်လာမှာဖြစ်ပါတယ်။

Ref : Geek

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s