ကမ္ဘာ့အမြန်ဆုံး အပါးဆုံးနဲ့ အပေါ့ဆုံး ရေစိုခံ Solar Paper

12573814_524984384338149_6319520824379183193_n

မော်လမြိုင်၊ ၁၅ ဇန်နဝါရီ ၂၀၁၆

လက်ရှိကမ္ဘာဟာ စမတ်ဖုန်းကမ္ဘာပါ။ ဒီတော့ စမတ်ဖုန်းတွေ အမြဲတမ်းသုံးဖို့ကလဲ
အားရှိနေမှဖြစ်မှာလေ။ ဒါကြောင့်လဲ ကုမ္ပဏီပေါင်းစုံက စမတ်ဖုန်းတွေကို
အားသွင်းဖို့ Power Bank အမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးနဲ့
တီထွင်ထုတ်လုပ်နေကြတယ်။ ကဲ အခုတော့ လျှပ်စစ်မီးလဲ မလို Power Bank တွေလဲ
မလိုတော့တဲ့ Solar Paper လို့ခေါ်တဲ့ အားသွင်းကိရိယာလေးတွေကို Yolk
ဆိုသူက Charger ကနေ လျှပ်စစ် စွမ်းအင် 10 W ထိအောင် ထုတ်လုပ်နိုင်ဖို့
တီထွင်လိုက်ပါတယ်။ ဒီတော့ Solar ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့
နေရောင်ခြည်ကိုသုံးပြီး လျှပ်စစ်စွမ်းအင်ပြန်ထုတ်တော့မယ်ဆိုတာကိုတော့
အလိုအလျောက်နားလည်ကြမှာပါ။ ဟုတ်ပါတယ်။ Solar Paper ဟာ iphone 6+ထက်
အနည်းငယ်သာကြီးတဲ့ အရွယ်အစားလေးနဲ့ နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး
လျှပ်စစ်ဓာတ်အားပြန်ထုတ်လွှတ်ပေးနိုင်တဲ့ စာရွက်လို ပါးလွှာတဲ့ အရာလေးဟာ
ဖုန်းတွေကို လျှပ်စစ်အားသွင်းပေးနိုင်မယ့် Charger လေးတစ်ခုပါ။ iPhone 6
တစ်လုံးကို အချိန် နှစ်မိနစ်ခွဲနဲ့ အားပြည့်အောင် သွင်းပေးနိုင်တဲ့
ကမ္ဘာ့အမြန်ဆုံး အပါးဆုံးနဲ့ အပေါ့ဆုံး ရေစိုခံ Solar Charger
ဖြစ်လာပါတယ်။ နေရောင်ခြည်စွမ်းအင်ကိုသုံးထားတာဖြစ်လို့ Power Bank
တွေလို အားပြန်ဖြည့်ထားစရာမလိုတဲ့အပြင် နေရောင်ရှိတာနဲ့ အလိုလို
အားပြန်ပြည့်မှာဖြစ်တော့ လူတိုင်းကြိုက်ကြလိမ့်မယ်လို့တော့ထင်ပါတယ်။
မျက်နှာစာ အကျယ်က ၃.၅ လက်မ၊ အမြင့်က ၇.၅ လက်မနဲ့ အထူက ၀.၄ လက်မ၊
အလေးချိန် ၁၂၀ ဂရမ်ပဲလေးပါတယ်။ ဒါကဖုန်းကို တိုက်ရိုက်ချိတ်ဆက်
အားသွင်းနိုင်အောင် ဖန်တီးထားတာကြောင့် အခုလောက် ထူသွားတာ ဖြစ်ပြီးတော့
တကယ်တမ်း လျှပ်စစ်ထုတ်လုပ် ပေးနိုင်မယ့် မှန်ချပ်လေးရဲ့ အထူက ၁.၅
မီလီမီတာပဲ ရှိတာပါ။ ချိတ်ဆက် အားသွင်းနိုင်မှု အပိုင်းမှာတော့ USB Port
ပါရှိတဲ့ ဘယ်ပစ္စည်းမဆို လျှပ်စစ်ထုတ်လုပ်ပေးနိုင်မှု စွမ်းအင်ညီမယ်ဆိုရင်
အားသွင်းနိုင်မှာပါ။ ဥပမာ ကင်မရာ၊ Power Bank စတဲ့ ဆက်စပ်ပစ္စည်းတိုင်းကို
အားဖြည့်သွင်း ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ထူးခြားတာ တစ်ချက်ကတော့ ပုံမှန် Solar Charger တွေ အနေနဲ့က
လျှပ်စစ်ကို တိုက်ရိုက်ထုတ်ယူပြီး အားသွင်းပေးတာ ဖြစ်ပေမယ့် အခု Solar
Paper မှာတော့ ထွက်ရှိလာတဲ့ လျှပ်စစ်ကို အထဲမှာပါတဲ့ သံလိုက်ဆီကို
အရင်ဆုံး ရောက်ရှိစေပြီး အားကိုထိန်းညှိ ပေးလိုက်သလို Panel
တစ်ခုချင်းစီက အားကိုလိုသလို ထိန်းချုပ်နိုင်မှာပါ။ အခု Solar Paper
လေးမှာဆိုရင် Panel (မှန်ချပ်အခန်း) လေးခန်းနဲ့ ပေါင်းစပ်ဖန်တီးထားတာ
တွေ့နိုင်ပြီး မှန်ချပ် တစ်ချပ်စီကနေ လျှပ်စစ်အား 2.5 W အားကို
ထုတ်လုပ်ပေးမှာပါ။ ဒီတော့ အခန်းလေးခန်း ကနေ 10 Wထွက်ရှိလာမယ့်
လျှပ်စစ်အားကို ကိုယ်ကစိတ်ကြိုက်ချိန်ပြီး ရယူနိုင်မယ့်သဘောပါ။ ဆိုလို
ရင်းကတော့ 5 W ပဲ လိုချင်တယ် ဆိုရင်လည်း 5 W ပဲ ထုတ်ယူ
အားသွင်းနိုင်မှာဖြစ်ပြီး အဆိုပါ 5 W စွမ်းအင်ကို သံလိုက်ကနေတစ်ဆင့်
ထိန်းထားပေးမှာဖြစ်လို့ တိကျတဲ့ လျှပ်စစ်စီးနှုန်းကိုလည်း ရရှိနိုင်မှာပါ။
ဒါကနေရောင်ခြည် အနေအထားအရ လိုအပ်သလို ချိန်ညှိနိုင်မှုကိုလည်း ဖြစ်စေတာပါ။
ပုံမှန်နေသာတဲ့ နေ့တွေမှာဆိုရင် 5W / 2A လောက်ဆိုရင် အဆင်ပြေပေမယ့်
နေရောင်ခြည်ရရှိမှု အားနည်းတဲ့နေ့တွေ အတွက် Solar Paper က 10 W
ထိအောင်လည်း လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီSolar Paper စနစ်ထဲမှာ အခြားထည့်သွင်း ဖန်တီးထားတဲ့ စနစ်တွေကတော့
အာရုံခံစနစ် ဖြစ်ပြီးတော့ တကယ်လို့ နေရောင်ခြည် ရုတ်တရက် ကျသွားမယ်
ဆိုရင်လည်း Solar Paper က အသုံးပြုသူ လိုချင်တဲ့ လျှပ်စစ်စွမ်းအားကို
တည်နေအောင် အလိုအလျောက် စွမ်းအင်ထုတ်လုပ်မှု လျှော့ချ၊ တိုးမြှင့်တဲ့
လုပ်ဆောင်ချက် တွေကိုလည်း လုပ်ဆောင်ပေးနိုင်မှာပါ။ LCD Screen
စနစ်ကိုလည်း ထည့်သွင်း ဖန်တီးထားတာ တွေ့ရပြီး နောက်ဆုံး ချိန်အထိ
ချိတ်ဆက် အားသွင်းထားတဲ့ ဖုန်းဆီကို စွမ်းအင် ဘယ်လောက်ထိအောင်
ဖြည့်သွင်းပြီး ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြပေးပါလိမ့်မယ်။ ဒါ့အပြင်
မိုးလေဝသ အခြေအနေ၊ အလင်းရောင် ဖြာကျမှုနှုန်းတွေနဲ့
လျှပ်စစ်ထုတ်လုပ်ပေးနိုင်မှု အခြေအနေတွေကိုပါ ဖော်ပြပေးမယ်လို့ဆိုပါတယ်။
လျှပ်စစ်စွမ်းအင် အထွက်ပေါက်ကိုတော့ မလိုအပ်တဲ့အချိန်မှာ
ပိတ်ထားပေးရမှာပါ။ ဒီ Solar Charger လေးကို စက်တင်ဘာလထဲမှာ
မိတ်ဆက်ပြသသွားမှာဖြစ်ပြီး နိုဝင်ဘာလ ထဲမှာ Solar Charger တစ်စုံကို
ဒေါ်လာ ၄၅၀ နဲ့ ဈေးကွက်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ အပိုပစ္စည်းအနေနဲ့
လျှပ်စစ် ထုတ်လုပ်ပေးနိုင်မယ့် 5 W စွမ်းအင်ထုတ် မှန်ချပ်တစ်ချပ်ကိုတော့
၆၉ ဒေါ်လာနဲ့ရောင်းချသွားမှာပါ။
Ref: indianexpress

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s