လီယိုနာဒို အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနဲ့ အော်စကာရရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လစိမြို့မှာ ပြုလုပ်ခဲ့တဲ့ ၈၈ ကြိမ်မြောက် အော်စကာဆု ပေးပွဲမှာတော့ မြန်မာပရိသတ်ရင်ထဲကို Titanic ဇာတ်ကားနဲ့ နေရာယူထာပြီးဖြစ်တဲ့ ကမ္ဘာကျော်မင်းသား လီယိုနာဒို ဒီကာပရီယို ဟာ ပထမဆုံးအကြိမ် အော်စကာဆုကို The Revenant ဇာတ်ကားနဲ့ ရရှိခဲ့ပါပြီ။ အော်စကာဆု ဇကာတင်စာရင်းမှာ ၆ ကြိမ်ပါခဲ့ဖူးတဲ့ လီယိုနာဒိုဟာ သူရဲ့ ပထမဆုံးအော်စကာကို ရ ရှိသွားပါပြီ။ လီယိုဟာ ဒီဇာတ်ကားနဲ့ပဲ သိပ်မကြာသေးခင်ကမှ ရွှေကမ္ဘာလုံးဆုလဲ ရရှိခဲ့ပါသေးတယ်။ Mawlamyine Daily Watch Video here: https://www.facebook.com/mawlamyinedaily/videos/541737915996129/?fref=nf

ဝေးလံခေါင်သီတဲ့ နေရာတွေမှာ အင်တာနက်ဂြိုဟ်တု သစ်တွေနဲ့ မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ဖို့ရှိ

မော်လမြိုင်၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၆ အမေရိကန် အခြေစိုက် ဂြိုဟ်တုကုမ္ပဏီ ViaSat ဟာ Boeing နှင့်ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာများတွေမှာ မြန်နှုန်းမြင့် အင်တာနက် ရရှိစေဖို့ ဂြိုဟ်တုသစ် ၃ ခု ဖန်တီးသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ViaSat က အရင်ဂြိုဟ်တုမျိုးဆက် ViaSat-2 လွှင့်တင်ဖို့ သတ်မှတ်ထားတဲ့ ရက်မတိုင်မီ လအနည်းငယ်အလိုမှာ ထုတ်ပြန်ခဲ့တာပါ။ ViaSat-3 ဂြိုဟ်တုသစ်တွေဟာ စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပြီး ဂြိုဟ်တုတစ်ခုရဲ့ စုစုပေါင်းကွန်ရက်ဝင်ဆံ့မှုပမာဏဟာ 1 Tbps (Terabit per second) အထိသယ်ဆောင်နိုင်ပြီးတော့ ViaSat-2 ရဲ့ စွမ်းဆောင်ရည်ထက် ၃ ဆ ပိုပါတယ်။ဒီဂြိုဟ်တုတွေနဲ့ ViaSat က အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ … Continue reading ဝေးလံခေါင်သီတဲ့ နေရာတွေမှာ အင်တာနက်ဂြိုဟ်တု သစ်တွေနဲ့ မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ဖို့ရှိ

လူနေတဲအိမ်တဆောင်လုံးမီးလောင် ဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀ ကျပ်သာရှိဟု မီးသတ်တပ်ဖွဲ့ဖော်ပြ

မော်လမြိုင် ၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၆ ဓနိမိုး၊ဓနိကာ၊ဝါးခင်းလူနေအိမ်တွင် ထမင်းပေါင်းအိုး တည်ထားပြီး လူမရှိချိန် ဝါယာကြိုးအပူလွန်ကဲရာမှတ ဆင့် တဲနံရံသို့ မီးကူးစက်လောင်ကျွမ်းလို့ မော်လမြိုင်မြို့ ၊ ငန်းတေးအုတ်ဖိုလမ်း က လူနေတဲ့အိမ်တဆောင်လုံး ဖေဖော်ဝါရီ ၂၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့ရတယ်လို့ မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထား ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ မီးလောင်မှုတန်ဖို့ ၁၅၀၀၀ ကျပ်သာဆုံးရှုံးတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဖော်ပြထားပါတယ်။ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ပိုင်ရှင် ဦးမြင့်သိန်း ကိုတော့ ဇေယျာသီရိ ရဲစခန်းမှာအမှုဖွင့်အရေးယူထားပါတယ်။ အဆိုပါမီးလောင်တဲ့နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရောက်ရှိချိန်မှာတော့ ပြည်သူတွေရဲ့ မီးငြိမ်းသတ်မှုကြောင့် မီးသတ်ယဉ်တွေ မီးငြိမ်းသတ်ခွင့်မရခဲ့ပါဘူး။ Mawlamyine Daily

WY စိတ်ကြွဆေးပြား ကာလပေါက်ဈေး ၅၀၀၀ ကျပ်နှုန်းရှိဟု မော်လမြိုင်မူးယစ်သတ်မှတ်

မော်လမြိုင်၊၂၉ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ၊အောက်လမ်းမကြီး၊ဖက်တန်းရပ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည် သောက်နေသူ အသက်(၂၀)အရွယ်လူငယ်အား မော်လမြိုင်မူးယစ်တပ် ဖွဲ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား၂၀၀ ကိုဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ကို မော်လမြိုင် မြို့မှ ရဲစခန်းတွင် မူးယစ်ပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတန်ဖိုး တပြား ၅၀၀၀ ကျပ်နှုန်း ကာလပေါက်ဈေးရှိတယ်လို့ မူးယစ်တပ်ဖွဲ့မှ ဈေးသတ်မှတ်ထားတာပါ။ Mawlamyine Daily

မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ ADHD (ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ) ရောဂါပိုတွေ့လာရ

မော်လမြိုင်၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၆ အရင်ကတော့ ယောက်ျားလေးတွေမှာသာ များတယ်လို့ သိထားတာပါ။ Journal of Clinical Psychiatry စိတ်ပညာဂျာနယ်မှာ ၂ဝဝ၃ ကနေ ၂ဝ၁၁ အတွင်း မိန်းကလေးတွေမှာ ၅၅% တွေ့တယ်။ ဒိအရင် (၈) နှစ်တုံးကလေ့လာမှုအရ ယောက်ျားလေးတွေမှာ ၄ဝ% တွေ့ခဲ့တယ်။ အခု ၂ဝဝ၈ ကနေ ၂ဝ၁၂ အတွင်းမှာတော့ အမျိုးသမီးတွေမှာ ၈၅% အထိတက်လာတယ်။ သဘာဝအားဖြင့် ယောက်ျားလေးတွေက တခုခုကို စူးစိုက်မှုထားတာလည်းကြတယ်။လုပ်ရင်လည်း သေသေသပ်သပ် မရှိကြဘူး။ အခုမိန်းကလေးတွေမှာ အဲလိုလုပ်လာတာကိုပိုတွေ့လာရပါတယ်။ ဒီလိုဖြစ်တာကနေ အစားအသောက် မူမမှန်တာ၊ စိတ်လှုပ်ရှားမှုကဲလွန်တာ၊ ဆက်ဆံရေးတလွဲသုံးတာနဲ့ ကိုယ်ကိုယ်ကိုသတ်သေချင်စိတ်အထိ ဆိုးနိုင်တယ်။ အစဉ်အလာအရ နောက်ချို့ယွင်းမှုတခုဖြစ်တဲ့ Autism မှာလည်းယောက်ျားလေးတွေမှာသာအတွေ့များထားတယ်။ မိန်းကလေး ၁% … Continue reading မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ ADHD (ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ) ရောဂါပိုတွေ့လာရ

အမျိုးသားတဦးမှ အမျိုးသမီးတဦးအား တစ်လင်တစ်မယားဥပဒေဖြင့် မော်လမြိုင်မှာအမှုဖွင့်

မော်လမြိုင်၊ ၂၆ ဖေဖော်ဝါရီ ၂၀၁၆ အသက် (၃၇)နှစ်အရွယ်အမျိုးသားတဦးမှ အသက်(၂၈)နှစ်အရွယ်အမျိုးသမီး တဦးအား တရားဝင်လင်ရှိနေလျှက်နှင့် အခြားအမျိုးသားတဦးနဲ့ ခိုးရာ လိုက် ပြေး၍ ပေါင်းသင်နေထိုင် လျှက်ရှိတယ်လို့ စွပ်စွဲချက်ဖြင့် တစ်လင်တစ်မယား ဥပဒေနှင့်အရေးယူပေးရန် တိုင်ကြားထား တာပါ။ အဆိုပါအမျိုးသားမှ မော်လမြိုင်မြို့ ၊ဇေယျာသီရိနယ်မြေ ရဲစခန်းထံ ဖေဖော် ဝါရီ ၂၄ ရက်နေ့က လာရောက်တိုင်တန်းအမှုဖွင့်ခဲ့တာပါ။လက်ရှိမှာတော့ ဇေယျာသီရိနယ်မြေ ရဲစခန်းမှ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၃) အရအမှုဖွင့်လှစ်၍ စစ်ဆေးဆောင် ရွက်နေဆဲပါဘဲ။ Mawlamyine Daily